Pages

Monday, January 20, 2014

၂၀၁၄အစ

မှတ်မှတ်ရရမနက်စောစောစီးစီးအိပ်ချင်မူးတူးဘုရားသွားရာ
bus gate
တွင်ကားများကိုထုံးစံအတိုင်းစိမ်ပြေနပြေရွေးပြီးချောင်တယ်
ဟူထင်သောကားပေါ်တက်ကာမိမိဖြစ်လေ့ရှိသော
ကံအတိုင်းမတ်တက်ရပ်လိုက်ပါရသည်။


အေဒီအကွေ့တင်တိုက်မိမလိုဖြစ်ပြီးကားသမားမှဘရိတ်ကိုအုပ်လိုက်သောအခါ
လူအားလုံးရှေ့သို့ပြုတ်ကျ..
အင်အားကြီးဒေါ်ဆွေနှင့်ဒေါ်နှင်းသန့်
မှာကြံ့ကြံ့ခိုင်မတ်တတ်ရပ်ခုခံနိုင်ပါသော်လည်း
ကိုယ်ကတော့လူအားလုံးရဲ့ရှေ့(ဒါမျိုးဆိုရင်)ပိကျကာ..
မျက်နှာနှင့်ကားကြမ်းပြင်မိတ်ဆက်မိလိုက်သည်။
ဘာမှတော့မဖြစ်ပါ။အိပ်ချင်ပြေဒေါသထွက်သွားသည်။


ဘုရားသို့ သွားပူဇော် ကြည်ကြည်နူးနူးပါ။ဓာတ်ပုံဆွေဆွေမှpostမျိုးစုံရိုက်ကြပါသည်။


မနေ့ကတည်းကနေမကောင်းသောခန္ဒာကိုယ်မှာလှည်းတန်းဈေးပတ်သောအခါ
အခြေအနေသိပ်မကောင်းတော့ပါ။


အဆောင်ပြန်ရောက်နားသော်လည်းအဆင်မပြေသဖြင့်ဘော်ဒါဘော်ကျွတ်
ဒေါ်သိမ့်အားခေါ်၍ဆေးခန်းပြေးရပါသည်။


ဆရာဝန်ကအပ်ပါးပါးလေးနှင့်စူးနေအောင်ဆေးထိုးလိုက်သောအခါ
ဘးမှသူငယ်ချင်းကောင်းသူတော်ကောင်းမကြီး
၏ပျော်ရွှင်မြူးတူးသောကျေနပ်နေသည့်ရယ်သံကြီးအားကြားရပါသည်။
(တော်တော်Tမြင့်ကတ်ဖို့ ကောင်း)


ဆေးခန်းမှပြန်အထွက်ထိုသူတော်ကောင်းမကြီးဖိနပ်အား
သူများကမှားစီးသွား၍ကော်တရာတို့ထုံးစံအတိုင်းတပြောပြောမကျေမနပ်နှင့်
မစီးချင်စီးချင်ကျန်ဖိနပ်ကိုစီးလာလေသည်။(ပျော်လိုက်ထာ)


အဆောင်ပြန်ရောက်ဆေးသောက်၍အိပ်လိုက်တာဘာမှကိုမသိတော့ပါ။
သူတော်ကောင်းမကြီးကတော့ဖုန်းကြူရင်း
ခြင်ထောင်လာထောင်ပေးတာကိုတော့သိလိုက်ပါသည်။


ထိုသို့ နှယ်၂၀၁၄၏အစ...
စိတ်ပျက်စရာများနှင့်အရင်ဆုံးမိတ်ဆက်လိုက်ရပါသည်။

0 comments:

Post a Comment