သံယောဇဉ်တဲ့
စကားလုံးသုံးလုံးထဲ
ဒါပေမယ့်
လူတွေကိုစိတ်မကောင်းအောင်
ဝမ်းနည်းအောင်
နာကျည်းရအောင်
သူစွမ်းဆောင်နိုင်တယ်..
ဘယ်သူကတော့ခွဲချင်မှာလဲ
ဒါပေမယ့်ကံတရားဘက်ပါလာတဲ့အခါ
ငါတို့ တွေတွေ့ လို့ 
ကံဆိုးခြင်းလေပင့်တဲ့အခါ
ငါတို့ ဝေးရတယ်
Tuesday, March 25, 2014
အတွေးလေးတစ်ခု
လမ်းမှာချို င့်ခွက်တစ်ခုကိုမြင်တယ်ဆိုကြပါစို့ 
တချို့ ကတော့ဒီချို င့်ခွက်ကိုအပြစ်ပြောမယ်
တချို့ ကတော့ဒီလမ်းကိုသုံးစားလို့ မရအောင်ပစ်ပယ်မယ်
တစ်ချို့ ကတော့ဒီလမ်းကိုဘယ်လိုပြုပြင်ရင်ပိုကောင်းနိုင်မလဲတွေးမယ်
လူတစ်ယောက်ကိုလည်းဒီလိုပဲ
တချို့ ကတော့အပြစ်တွေပဲရှာတယ်
တချို့ ကတော့ချိုးချိုးနှိမ်နှိမ်ကိုလုပ်မယ်
တချို့ ကတော့ ဘယ်လိုလေးပြုပြင်လိုက်ရင်ပိုကောင်းသွားမလဲစဉ်းစားမယ်
ဟုတ်ကဲ့
လူတိုင်းဟာခံယူချက်ခြင်းမတူတဲ့အခါအမြင်ခြင်းလည်းမတူကြပါဘူး
ဒါပေမယ့်ကိုယ်ချင်းစာတရားလေးထည့်ပြီး
သူ နေရာမှာငါသာဆိုရင်ဆိုတာမျိုးလေးခံစားကြည့်လိုက်ရင်
မပြေလည်တာတွေတော့တော်တော်လေးလျော့သွားနိုင်မယ်ထင်တယ်
အားလုံးစိတ်တွင်းရောအပြင်မှာပါအေးချမ်းနိုင်ကြပါစေ
တချို့ ကတော့ဒီချို င့်ခွက်ကိုအပြစ်ပြောမယ်
တချို့ ကတော့ဒီလမ်းကိုသုံးစားလို့ မရအောင်ပစ်ပယ်မယ်
တစ်ချို့ ကတော့ဒီလမ်းကိုဘယ်လိုပြုပြင်ရင်ပိုကောင်းနိုင်မလဲတွေးမယ်
လူတစ်ယောက်ကိုလည်းဒီလိုပဲ
တချို့ ကတော့အပြစ်တွေပဲရှာတယ်
တချို့ ကတော့ချိုးချိုးနှိမ်နှိမ်ကိုလုပ်မယ်
တချို့ ကတော့ ဘယ်လိုလေးပြုပြင်လိုက်ရင်ပိုကောင်းသွားမလဲစဉ်းစားမယ်
ဟုတ်ကဲ့
လူတိုင်းဟာခံယူချက်ခြင်းမတူတဲ့အခါအမြင်ခြင်းလည်းမတူကြပါဘူး
ဒါပေမယ့်ကိုယ်ချင်းစာတရားလေးထည့်ပြီး
သူ နေရာမှာငါသာဆိုရင်ဆိုတာမျိုးလေးခံစားကြည့်လိုက်ရင်
မပြေလည်တာတွေတော့တော်တော်လေးလျော့သွားနိုင်မယ်ထင်တယ်
အားလုံးစိတ်တွင်းရောအပြင်မှာပါအေးချမ်းနိုင်ကြပါစေ
မျှော်လင့်တယ်ဆိုသောအရာ
မျှော်လင့်တယ်ဆိုတာရယ်သလိုမောသလိုပြောလို့ ရတာမဟုတ်ဘူး
မျှော်လင့်တယ်ဆိုတာမိုးပြိုမှာစိုးတဲ့ဖားသူငယ်လိုမျိုးတထိတ်ထိတ်ဖြစ်နေရတာ
ပြီးတော့မျှော်လင့်တယ်ဆိုတာရဲ့ နောက်မှာစိတ်ခံစားချက်အပြည့်အ၀ကိုနှစ်လိုက်ရတာ
အဲ့လိုအချိန်ရုတ်တရက်မျှော်လင့်ချက်မဲ့သွားတာမျိုးခံစားကြည့်ဘူးကြလား
တကယ်တော့မျှော်လင့်တယ်ဆိုတာရဲ့ နောက်မှာမရွံမရဲကျားကန်ထားရတဲ့စိတ်ဓာတ် ခွန်အားတွေရှိတယ်
(မလေးရှားလေယာဉ်ခရီးသည်များရဲ့မိသားစုတွေခုဘယ်လိုဖြစ်နေမလဲဆိုတာကိုယ်ချင်းစာပါတယ်)
Wednesday, February 19, 2014
ငယ်ဘ၀သို့ အမှတ်ရခြင်း
ငါပြုံးနေတိုင်းပျော်နေတယ်မထင်ပါနဲ့သူငယ်ချင်း
အဲ့ဒီအပြုံးတွေနောက်မှာ
စိတ်ဓာတ်ကျလို့ ပြိုလဲရတဲ့အချိန်တွေရှိတယ်
မညီမျှခြင်းတွေကြောင့်ခက်ထန်လာတဲ့စိတ်တွေရှိတယ်
စိန်ခေါ်မှုတွေကြောင့်မာကြောလာတာ တွေရှိတယ်
အဆင်ပြေနေတယ်လို့ မထင်စေဘူးသူငယ်ချင်း
တခါတလေstressများလို့ အိပ်မရတဲ့ညတွေရှိတယ်
အရင်လိုဘာမှဂရုမစိုက်နေလို့ မရတဲ့အတွက်ခံပြင်းတာတွေရှိတယ်
ခွဲခြားမှုတွေအောက်ခေါက်ရိုးကျခဲ့ရတာတွေရှိတယ်
ငါညည်းပြတယ်မထင်နဲ့သူငယ်ချင်း
လူတိုင်းဟာအဆင်မပြေကြပါဘူး
သူကျင်လည်ရာပတ်ဝန်းကျင်
သူကြုံဆုံရာလောကဓံမှာ
ဟန်မပျက်အောင်ပဲ
ပျော်တတ်အောင်နေနေကြတာပါ
တခါတလေငါအော်ငိုချင်တဲ့အခါ
သူငယ်ချင်းတွေခေါ်အော်ငိုခဲ့တဲ့အ ချိန်တွေသတိရတယ်
ငါမကျေနပ်တဲ့အခါ
တစ်ခုခုနဲ့အစားထိုးဟာသလုပ်ဖူးတဲ့ ကျောင်းသားဘ၀ကိုတမ်းတတယ်
တခါတလေယိုင်လဲတဲ့အခါ
အရင်လိုဘေးနားမှာအားကူမယ့်နင်တို့ ကိုသတိရပါတယ်း
ဒီလိုနဲ့ပဲ
ငါတို့ တွေအသက်ကြီး
တစ်ယောက်နဲ့တစ်ယောက်အဝေးကလှမ်းေ နာက်ရင်းနဲ့ပဲ
နာရီပေါင်းများစွာ
အချိန်ပေါင်းမြောက်မြားစွာနဲ့
တစ်ချိန်ချိန်တော့
အရင်တုန်းကအချိန်တွေလိုပဲ
ငါတို့ တစ်ခေါက်လောက်ငယ်မူပြန်ကြရအောင်ဟာ
(သူငယ်ချင်းအားလုံးအတွက်အရမ်းသတိရလို့ ရေးလိုက်တာပါ)
အဲ့ဒီအပြုံးတွေနောက်မှာ
စိတ်ဓာတ်ကျလို့ ပြိုလဲရတဲ့အချိန်တွေရှိတယ်
မညီမျှခြင်းတွေကြောင့်ခက်ထန်လာတ
စိန်ခေါ်မှုတွေကြောင့်မာကြောလာတာ
အဆင်ပြေနေတယ်လို့ မထင်စေဘူးသူငယ်ချင်း
တခါတလေstressများလို့ အိပ်မရတဲ့ညတွေရှိတယ်
အရင်လိုဘာမှဂရုမစိုက်နေလို့ မရတဲ့အတွက်ခံပြင်းတာတွေရှိတယ်
ခွဲခြားမှုတွေအောက်ခေါက်ရိုးကျခ
ငါညည်းပြတယ်မထင်နဲ့သူငယ်ချင်း
လူတိုင်းဟာအဆင်မပြေကြပါဘူး
သူကျင်လည်ရာပတ်ဝန်းကျင်
သူကြုံဆုံရာလောကဓံမှာ
ဟန်မပျက်အောင်ပဲ
ပျော်တတ်အောင်နေနေကြတာပါ
တခါတလေငါအော်ငိုချင်တဲ့အခါ
သူငယ်ချင်းတွေခေါ်အော်ငိုခဲ့တဲ့အ
ငါမကျေနပ်တဲ့အခါ
တစ်ခုခုနဲ့အစားထိုးဟာသလုပ်ဖူးတဲ
တခါတလေယိုင်လဲတဲ့အခါ
အရင်လိုဘေးနားမှာအားကူမယ့်နင်တိ
ဒီလိုနဲ့ပဲ
ငါတို့ တွေအသက်ကြီး
တစ်ယောက်နဲ့တစ်ယောက်အဝေးကလှမ်းေ
နာရီပေါင်းများစွာ
အချိန်ပေါင်းမြောက်မြားစွာနဲ့
တစ်ချိန်ချိန်တော့
အရင်တုန်းကအချိန်တွေလိုပဲ
ငါတို့ တစ်ခေါက်လောက်ငယ်မူပြန်ကြရအောင
(သူငယ်ချင်းအားလုံးအတွက်အရမ်းသတ
Tuesday, February 4, 2014
This is my life!
ဘ၀မှာဘာတွေဖြစ်ချင်လဲလို့ မေးတဲ့မေးခွန်းအတွက်ကိုယ်ခဏခဏေ တွဝေတယ်
ဖြစ်ချင်တာတွေကအစောကြီးကတည်းကပြိုပျက်သွားတဲ့အခါ
ဘာဖြစ်ချင်တယ်
ဘာဖြစ်ရမယ်
ဆိုတဲ့ရည်မှန်းချက်တွေကတစ်ခါတစ် လေ
ဆန့်ကျင်ဘက်ရောက်သွားဖို့ 
ကိုယ့်ကိုစီမံလိုက်သလိုပဲ
ဖြစ်ချင်တာတွေကအစောကြီးကတည်းကပြ
ဘာဖြစ်ချင်တယ်
ဘာဖြစ်ရမယ်
ဆိုတဲ့ရည်မှန်းချက်တွေကတစ်ခါတစ်
ဆန့်ကျင်ဘက်ရောက်သွားဖို့ 
ကိုယ့်ကိုစီမံလိုက်သလိုပဲ
Wednesday, January 22, 2014
လောကီသဘောတရား
တစ်ခါတစ်လေကျတော့….အမှားတစ်ခုကိုမှားမှန်းသိနေရဲ့နှင့်ဟန်ဆောင်ကာပြုံးရသည်၊
တစ်ရံတစ်ခါကျတော့…မဟုတ်မှန်းသိသော်လည်းအောင့်သက်သက်ငြိမ်ခံရသည်။
တစ်ချို့ ကိစ္စများကြတော့လည်း…..မရယ်ချင်သော်လည်းအားနားပါးနာရယ်ရပါသည်။
လူဟူ၍ဖြစ်လာလျှင်မာယာများကြရသည်……
ပရိယာယ်ကြွယ်ကြရသည်……ဟန်ဆောင်ကြရသည်……….
အတတ်နိုင်ဆုံးမှန်အောင်တော့နေချင်သည်……
ခြောက်ပစ်ကင်းအောင်နေနိုင်မည်ဟုမပြောချင်ပါ….
အတတ်နိုင်ဆုံးအမှန်ကန်ဆုံးနေချင်ပါသည်……..
သို့ သော်အပေါ်ယံရွှေမှုန်ကြဲသောပတ်ဝန်းကျင်တွင်ထည်ဝါမည်တော့မဟုတ်…
ပေါ်လွင်မှုမရှိမှာတော့သေချာပါသည်…..
ဒါပေမယ့်ကျေနပ်ရပါမည်…ဘ၀မှာအကောင်းဆုံးနေထိုင်ခဲ့တယ်ဆိုတဲ့
အမှတ်တံဆိပ်တော့အနည်းဆုံးကျွန်မတို့ ရကြမှာသေချာပါသည်။
စဉ်းစားမိတာလေးတစ်ခု
လောကမှာတစ်ယောက်နှင့်တစ်ယောက်မည်သို့သောဆက်စပ်မှုမျိုးကိုမဆိုအပြန်အလှန်တော့သစ္စာရှိမှု၊လေးစားမှု၊ယုံကြည်မှုရှိဖို့တော့လိုသည်ထင်ပါသည်။ကြီးသူကလည်းငါအကြီးဆိုပြီးတစ်ဖက်သက်ဆန်သော။အမိန့်ဆန်သောအုပ်ချုပ်မှုမျိုးဖြင့်ဆက်ဆံပါကမည်သည့်အငယ်မှသူ့အားချစ်တော့မည်မဟုတ်ပါ။ကြောက်၍သာနာခံချင်နာခံမည်။စိတ်ကတော့လွန်ဆန်ချင်နေမှာကျိန်းသေပါသည်။နေရာတကာအမိန့်နှင့်ဆက်ဆံနေသူအားမည်သူမှကြာရှည်ချစ်ခင်မည်မဟုတ်ပါ။ယခုကျွန်မတို့လူဘောင်တွင်”ကြီးသူကိုရိုသေငယ်သူကိုလေးစား”ဆိုတဲ့စိတ်ဓာတ်လည်းအတော်ကိုရှားပါးနေပြီ။ထို့အတူယုံကြည်မှု၊ုသစ္စာရှိမှုမရေရာသူမည်သူ့ကိုမှစိတ်ချလက်ချနှင့်ရေရှည်ပေါင်းသင်းနေထိုင်လိုမည်မဟုတ်ပါ။
သူငယ်ချင်းမိတ်ဆွေပဲဖြစ်ဖြစ်ချစ်သူရည်းစားပဲဖြစ်ဖြစ်သစ္စာတရားသည်ထိုခင်မင်မှုအားတောက်ပစေမည့်အဆင်တန်ဆာဖြစ်သည်။
ကျွန်မကတော့သစ္စာတရားကိုတန်ဖိုးထားပါသည်။ယုံလည်းယုံကြည်ပါသည်။သစ္စာရှိသူသူငယ်ချင်းများ၊ချစ်သူများမည်သူ့ကိုမဆိုလေးစားပါသည်။
ယခုခေတ်တွင်သစ္စာတရားကိုပါးစပ်ဖျားကပြောဟန်ဆောင်နေသူအလွန်များပြားလှပါသည်။
အတုအယောင်များကြားအစစ်အမှန်များကျရှူံးချစ်သူများများမထားလျှင်ခေတ်မမှီတော့သောအတွေးမျိုးကျွန်မတို့ပတ်ဝန်းကျင်သို့မည်သူကစတင်၍အရောင်ဆိုးလဲမသိပါ။ ယနေ့ခေတ်တွင်သစ္စာတရားသည်ချောင်ထိုးခံနေရသည်။လျစ်လျှူရှုခံနေရပါသည်။ပျက်ရယ်ပြုခံနေရပါသည်။
ယခုခေတ်ပတ်ဝန်းကျဉ်တွင်လည်း”လည်သူစားစတမ်:”ဆိုသောစိတ်ဓာတ်နှင့်ကိုယ်ချင်းစာတရား များခေါင်းပါးကျသည်။
မှန်အောင်နေလျှင်နောက်သို့ရောက်က်ြသည်။ယုံကြည်လျှင်အသုံးချခံကြရသည်။မည်သူ့ကိုသွားအပြစ်တင်မည်နည်း။
ယခင်ကရိုးသားပါသည်ဆိုသောကျွန်မတို့လူမျိုးတွေသည်ပင်အရောင်နည်းနည်းပျက်ပြယ်ချင်နေပြီ။
ယခင်ကရိုးသားပါသည်ဆိုသောကျွန်မတို့လူမျိုးတွေသည်ပင်အရောင်နည်းနည်းပျက်ပြယ်ချင်နေပြီ။
ယခင်လိုသာတစ်ခုခုဆိုသစ္စာဆိုစတမ်းဆိုလျှင်ဘာတွေဖြစ်သွားမလဲမသိဘူး။ဆုတောင်းပဲပြည့်ကြမလား။သစ္စာပဲဆူးမလားမသိပါ။
မည်သည့်အလုပ်ခွင်မည်သည့်ပတ်ဝန်းကျင်မှာမဆိုတစ်ဦးနှင့်တစ်ဦးrespectရှိရပါမည်။လေးစားရပါမည်။
ထို့အတူမည်သည့်relationshipမျိုးမဆိုသစ္စာရှိစေချင်ပါသည်။
ဒါမှလည်းယုံကြည်မှုခိုင်မြဲမည်။
မည်သည့်အလုပ်ခွင်မည်သည့်ပတ်ဝန်းကျင်မှာမဆိုတစ်ဦးနှင့်တစ်ဦးrespectရှိရပါမည်။လေးစားရပါမည်။
ထို့အတူမည်သည့်relationshipမျိုးမဆိုသစ္စာရှိစေချင်ပါသည်။
ဒါမှလည်းယုံကြည်မှုခိုင်မြဲမည်။
ဗုဒ္ဓဘာသာ၏အယူဝါဒအတိုင်းပြောရမည်ဆိုလျှင်”မိတ်ဆွေကိုယ်ပြုသည့် ကံပဲ့တင်သံကိုယ့်ထံပြန်လာပါလိမ့်မည်”။
သင်ကအစစ်အမှန်ပေးလျှင်သင်အစစ်အမှန်ပြန်ရပါလိမ့်မည်။လောလောဆယ်မိမိကအစစ်ပေးပါရဲ့နှင့်သင့်ကိုလိမ်လည်သွားလျှင်၊အသုံးချလျှင်သင်သူ့ကိုမမုန်းပါနှင့်။
သင်ကအစစ်အမှန်ပေးလျှင်သင်အစစ်အမှန်ပြန်ရပါလိမ့်မည်။လောလောဆယ်မိမိကအစစ်ပေးပါရဲ့နှင့်သင့်ကိုလိမ်လည်သွားလျှင်၊အသုံးချလျှင်သင်သူ့ကိုမမုန်းပါနှင့်။
သင့်အတိတ်ဘ၀ကသူ့အားပေးဆပ်စရာရှိလို့ဟုတွေးစေချင်ပါသည်။သင်သာကံဆိုးစေမည့်မည်သည့်သံသယာအကြွေးကိုမဆိုမလုပ်မိစေဖို့ကြိုးစားရလိမ့်မည်။
ကျွန်မအထက်တန်းကျောင်းသူဘ၀ကကျွန်မ၏ဆရာမပြောသောစကားကိုမှတ်မိနေပါသည်။ ”သင့်ဘ၀၏ပဲ့ကိုင်ရှင်သည်သင်သာဖြစ်သည်။”မှန်ပါသည်။
သင်ကိုယ်တိုင်သာသင့်ဘ၀ကိုဆေးခြယ်ရမည်။
သင်ကိုယ်တိုင်သာသင့်ဘ၀ကိုဆေးခြယ်ရမည်။
သင်ကြုံရမည့်နေ့သစ်တိုင်းမှာလူတိုင်းကိုသင်၏စစ်မှန်သောနှလုံးသားနှင့်သာဆက်ဆံစေချင်ပါသည်။
ဒါဆိုလျှင်သင်၏မေတ္တာရောင်ပြန်ဟပ်ပါလိမ့်မည်။သင်၏အနာဂတ် ဖြောင့်ဖြူးပါလိမ့်မည်။”
လမ်းပြကြယ်လေး
မေမေ.
ဘယ်တော့မဆိုကျွန်မအတွက်အမြဲပူပန်ပေးနေတတ်သူ
ကျွန်မအမှားလုပ်မိမှာကိုသူအရမ်းကြောက်သူ
အမြဲတစေကလေးလေးတစ်ယောက်လိုထင်သူ..
တစ်ဦးတည်းသောကျွန်မအတွက်သူ့ အနာဂတ်ကိုပေးဆပ်ခဲ့သူ
ကျွန်မ၏လိုအင်ဟူသမျှကိုမညီးမညူဖြည့်စည်းပေးသူ
ခုထိလည်းသူကျွန်မကိုစိတ်ပူရှာပါသည်…..
ရန်ကုန်မြို့ရှိရှုပ်ထွေးသောလမ်းတွင်လမ်းကူးရန်ကြိုးစားသောအခါ….အရင်လိုပဲကျွန်မ၏လက်အားကိုင်ဆွဲပြီးကူးချင်သေးသည်။
ကျွန်မကမေမေသတိထားလမ်းကူးတာဟုတတွတ်တွတ်ပြောလျှင်သူကကျွန်မကို”ငါနင့်ကိုမွေးလာတာပါအေ”ဆိုပြီးမကျေမနပ်
ပြောတတ်သည်။
ကျွန်မကဆရာမတစ်ဦးဖြစ်သည့်အားလျှော်စွာတစ်ခါတစ်လေဆရာလုပ်သည့်အခါ
သူမကကျွန်မအားကလေးကဆရာလုပ်နေသူလိုပွစိပွစိလုပ်တတ်သည်။
ပြောတတ်သည်။
ကျွန်မကဆရာမတစ်ဦးဖြစ်သည့်အားလျှော်စွာတစ်ခါတစ်လေဆရာလုပ်သည့်အခါ
သူမကကျွန်မအားကလေးကဆရာလုပ်နေသူလိုပွစိပွစိလုပ်တတ်သည်။
မေမေသည်ကျွန်မငိုသည့်အခါသူဝမ်းနည်းတတ်သည်..
ကျွန်မပျော်သည့်အခါပီတိဖြာတတ်ပါသည်.တစ်ဦးတည်းသော….
ကျွန်မကိုသူငယ်ချင်းအဖြစ်ပေါင်းတတ်သောမေမေသည်ကျွန်မအားအကြံဥာဏ်ပေးတတ်သောမိတ်ဆွေကောင်းလည်းဖြစ်ပါသည်...
ကျွန်မ၏ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာလည်းသူ့ဘ၀အတွေ့အကြုံနှင့်ယှဉ်ပြီးလမ်းမှန်ကိုရွေးချယ်စေပါသည်…
မေမေသည်.ကျွန်မအတွက်တော့မရှိမဖြစ်သောအရေးပါဆုံးဖြစ်ပါသည်။
ကျွန်မလောကဓံတရားကိုငယ်ငယ်ရွယ်ရွယ်နှင့်ကြုံတွေ့ခဲ့ပါသည်။
သူများတွေနောင်နှစ်ပေါင်းများစွာမှကြုံရမည့်ပူဆွေးမှုမျိုးကျွန်မအစောဆုံးကြုံတွေ့ခဲ့ပါသည်။
မေမေသာကျွန်မနားမှာမရှိပါက….….သေချာပါသည်…..ယခုဒီစာကိုရေးမည့်ကျွန်မရှိတော့မည်မထင်ပါ…
မေမေကျွန်မကိုဖေးမခဲ့ပါသည်။
မေမေကျွန်မကိုဖေးမခဲ့ပါသည်။
ကျွန်မသည်မေမေစိတ်ချမ်းသာအောင်ဘွဲ့တစ်ခုပြီးတစ်ခုယူရင်းမေမေ့ဆန္ဒကိုဖြည့်ပေးခဲ့ပါသည်။
ဒါပေမယ့်ခုထိမေမေ့အားကျွန်မဘာကိုမှမပေးနိုင်ခဲ့ပါ။
ကျွန်မ၏လစာသည်ကျွန်မတစ်ယောက်အတွက်တောင်မဖူလှုံခဲ့ပါ။
မေမေကခုထိကျွန်မအားအစစအရာရာဖြည့်ပေးနေရပါသေးသည်။
မေမေကခုထိကျွန်မအားအစစအရာရာဖြည့်ပေးနေရပါသေးသည်။
ခုဆိုကျွန်မအားသူမပိုစိတ်မချပါ…ကံမကောင်းသောသူမ၏သမီးအားနောက်ထပ်ကံကောင်းမှုမျိုးဖြင့်သာသူမကြုံစေချင်ပါသည်။
ကျွန်မအိမ်ပြန်သောကျောင်းပိတ်ရက်သည်မေမေ၏lecturesချိန်များပို့ချသည်ကိုနားထောင်ရသောအချိန်ဖြစ်ပါသည်။
စိတ်ချပါမေမေ…...
ကျွန်မ၏အနာဂတ်ကိုကျွန်မအလှဆုံးပုံမဖော်နိုင်ခဲ့ရင်တောင်မှမေမေ့ရင်ကိုသာယာအေးချမ်းစေရပါမည်။
ကျွန်မကြောင့်မေမေ့ကိုမပူလောင်စေချင်ပါဘူး….ကျွန်မကြီုးစားပါမည်…..ကျွန်မတစ်ခုတော့အမြဲဆုတောင်းပေးချင်ပါသည်………
.မေမေ့ဘ၀ထာဝရအေးချမ်းပါစေမေမေ…..မိသားစုနဲ့ထာဝရပျော်ပျော်ရွှင်ရွှင်နဲ့ရှေ့ဆက်နိုင်ပါစေမေမေ……
သမီးကြောင့်မေမေစိတ်အေးချမ်းနိုင်ပါစေမေမေ………..
လေပြည်သို့ 
တကယ်တော့ငါကလုပ်ချင်တာတစ်ခုကိုလုပ်သင့်၊မလုပ်သင့်နဲ့ ပဲအချိန်ကုန်ခဲ့ သူပါ။
လုပ်ဖြစ်သွားတာကနည်းပြီးဝေခွဲမရတာကများနေခဲ့ တယ်။
ငါတွေဝေနေတယ်…ငါစောင့်ဆိုင်းနေမိတယ်……
ခွင့်လွှတ်ပါ….လေပြည်ရယ်
ငါ့ကိုနင်ခွင့်လွှတ်ပါ……….
ငါ့ကိုငါတောင်မသေချာတဲ့ဘ၀မှာ..
ငါဘယ်အရာကိုမှသယ်ဆောင်မသွားနိုင်သေးပါဘူး……
နင်ကအေးစေဖို့ လေနုအေးလေးသယ်ဆောင်လာပေမယ့်
ငါ့ရင်ကအပူမီးကမတုန်လှုပ်ဘူးဟာ…
ငါအေးစက်တဲ့သူမဟုတ်ပါဘူးးး………
ဒါပေမယ့်ခံစားချက်ဗလာနဲ့ 
ဘ၀ကိုအေးဆေးဖြတ်သန်းတော့မှာပါ….
ငါ့ကြောင့်နင်မနာကျင်ပါစေနဲ့ …
ငါ့ကြောင့်နင်မငိုပါနဲ့ ……
ပြီးတော့ငါ့ကြောင့်နင်လမ်းမပျောက်ပါစေနဲ့ နော်…..
အတိတ်ရဲ့အရိပ်
ကျွန်မတို့ တစ်ခါတစ်လေမှာပျော်ရွှင်ခဲ့ကြတယ်....
ရယ်မောခဲ့ကြတယ်....
အချိန်တွေကိုအမှတ်တမဲ့နဲ့ ကျော်ဖြတ်ခဲ့ကြတယ်.....
မသိသလိုနဲ့ ပဲကုန်ဆုံးခဲ့ ကြတယ်....
နောင်တစ်ချိန်မှာအဲ့ကိစ္စလေးတွေဟာအသေးအဖွဲလို့ ထင်ခဲ့ပေမယ့်အကြီးမားဆုံးဖြစ်လာနိုင်တယ်……
အမှတ်တမဲ့ကနေအမှတ်တရ၊အမှတ်တရကနေထာဝရကူးပြောင်းသွားနိုင်တယ်….
နေ့ ရက်တိုင်းဟာကျွန်မတို့ မသေဆုံးမီအထိတော့တွေ့ ကြုံနေရအုန်းမှာပဲ…
မနက်မိုးလင်းမျက်လုံးလေးဖွင့်တာကနေညအိပ်ချိန်ထိကြားကစက္ကန့်မိနစ်တိုင်းဟာ
ကျွန်မတို့ ဘ၀ရဲ့အရိပ်တွေပါပဲ……..
အဲ့ ဒီတော့နေ့ရက်တိုင်းကိုဖြစ်သလိုမဖြတ်သန်းဘဲ…..
အသိလေးတစ်ခုနဲ့ ဖြတ်သန်းမယ်ဆိုရင်သေချာပါတယ်…
ဘ၀မှာအမှားဆိုတဲ့အတိတ်မရှိတော့ဘူးလို့ မဆိုလိုပါဘူး…
ဒါပေမယ့်နည်းနိုင်သမျှတော့နည်းသွားနိုင်လိမ့်မယ်ထင်ပါတယ်……..
ဘ၀စာမျက်နှာများ
အသက်၁၆နှစ်ဘ၀အတွက်အဆုံးအဖြတ်ပေးမယ့်ဆယ်တန်းစာမေးပွဲအတွက်ကျွန်မစာကြည့်ရတယ်
အသက်၁၈-၂၀ဘွဲ့တစ်ခုနဲ့ ဂုဏ်ထူးတန်းဝင်ဖို့ အတွက်စာကြည့်ရပြန်တယ်....
၂၁...Masterဘွဲ့ဆိုတဲ့ဆွဲဆောင်မှုနောက်ကောက်ကောက်ပါအောင်လိုက်လို့ ကြိုးစားခဲ့တယ်........
အလုပ်လေးရလို့ တော်ပြီငါဘာစာမှမကျက်တော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်...
Ph.Dဆိုတဲ့အခြေအနေလေးတစ်ခုရဖို့ စာကျက်နေရပြန်ပြီ.....
အဲ့ဒါနဲ့ ဒါပြီးရင်နားမယ်လို့ စဉ်းစားမိတော့
လေးစားစရာအရမ်းကောင်းတဲ့ ဆရာမကပြောတယ်.....
“နားလို့ ကတော့ကျန်ခဲ့ရမယ်”တဲ့...
“အခြေအနေပညာရပ်ဆိုတာတသတ်မတ်တည်းမရှိဘူး”တဲ့ ....
အော်အသက်ရှိသ၍သင်ယူနေရမယ့်ဘ၀တစ်ခါတစ်လေ
စိတ်ကျေနပ်စရာကောင်းပေမယ့်တစ်ခါတစ်လေကျတော့လည်း
အဝေးဆုံးကိုအားကုန်ထွက်ပြေးချင်ရလောက်အောင်ကိုစိတ်ညစ်ခဲ့ ဖူးပါတယ်....
လက်ဆောင်မွန်
အထီးကျန်တယ်..အထီးကျန်တယ်ပြောနေတဲ့ သူငယ်ချင်းတိုင်းအတွက်ပါ...
တကယ်တော့အထီးကျန်တယ်ဆိုတာကိုယ်ကသတ်မှတ်တာပါ...
လူတိုင်းလူတိုင်းလောကဓံဆိုတာအမြဲကြုံရမှာပဲလေ....
ကိုယ့်ရဲ့ စိတ်ခံစားမှုအတိုင်းပျော်လိုက်ဝမ်းနည်းလိုက်စိတ်ညစ်လိုက်ဆိုတာထပ်ခါထပ်ခါကြုံနေရအုန်းမှာပဲလေ....
လာတုန်းကလည်းတစ်ယောက်တည်း..ပြန်တော့လည်းတစ်ယောက်တည်းပါပဲ....
တစ်ယောက်တည်းဆိုပြီးဘာမှအထီးကျန်မနေပါနဲ့ ...
ကိုယ့်မှာမိသားစုဆိုတာရှိတယ်..
ဒါမှမဟုတ်ရင်သူငယ်ချင်းတစ်ယောက်အနည်းဆုံးအနားမှာရှိတယ်...
ထိုက်သင့်တဲ့ လစာ..သင့်တင့်တဲ့ ပတ်ဝန်းကျင်.....လှပတဲ့ အနာဂတ်ရှိရင်..
နေတိုင်းကုသိုလ်ကောင်းမှုတစ်ခုခုပြုနိုင်တယ်ဆိုရင်...
ကိုယ့်တာဝန်ကိုယ်ကျေအောင်အလုပ်လုပ်နိုင်ပြီဆိုရင်...
လူတိုင်းကိုမေတ္တာတရားလေးနဲ့ ပဲဆက်ဆံနိုင်ပြီဆိုရင်.....
ဘာလိုအုန်းမှာလဲ...
ကိုယ့်ဘ၀ကိုကိုယ်ပဲပုံဖော်ရမှာလေ...
ဟုတ်တယ်ဟုတ်........
Monday, January 20, 2014
အတွေးတစ်ခု
တစ်ခါတစ်လေကိုယ့်ဘက်ကကြည့်ရင်ကိုယ်မမှားသလို
သူ့ ဘက်ကကြည့်ရင်လည်းသူမှန်နေတတ်တယ်။
လူတစ်ယောက်နဲ့တစ်ယောက်ကြီးပြင်းရာနေရာဒေသ
အသိုင်းအ၀ိုင်းဆက်ဆံပုံတွေ မတူတဲ့အခါ
ကိုယ်ကဘာမှမဖြစ်လောက်ဘူးထင်ပေမယ့်
သူများအတွက်စိတ်အနာတရဖြစ်စေတတ်ပါတယ်။
ကိုယ်ကပေါ့ပေါ့ပါးပါးလို့ ထင်တဲ့အရာတွေက
သူများအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်။
ကိုယ်ကအရေးမပါဘူးလို့ ထင်တာတွေကသူများအတွက်ဘ၀တစ်ခုလုံးပဲ။
ကိုယ်ကသိပ်အလေးမထားတဲ့ကိစ္စတွေကသူများအတွက်မရှိမဖြစ်ဖြစ်နေတတ်တယ်။
အချိန်လွန်မှရတဲ့နောင်တတစ်ခုထက်ဆိုရင်ဘာကိုပဲလုပ်လုပ်မလုပ်ခင်
သေချာစဉ်းစားတာပိုကောင်းမယ်ထင်တယ်။
တကယ်တော့ကိုယ်ချင်းစာတယ်ဆိုတဲ့စကားဟာကိုယ်လည်း
တူညီသောကိစ္စမျိုးနဲ့ကြုံမှသာအဓိပ္ပာယ်ပြည့်စုံမှာမဟုတ်လား။
သူ့ ဘက်ကကြည့်ရင်လည်းသူမှန်နေတတ်တယ်။
လူတစ်ယောက်နဲ့တစ်ယောက်ကြီးပြင်းရာနေရာဒေသ
အသိုင်းအ၀ိုင်းဆက်ဆံပုံတွေ မတူတဲ့အခါ
ကိုယ်ကဘာမှမဖြစ်လောက်ဘူးထင်ပေမယ့်
သူများအတွက်စိတ်အနာတရဖြစ်စေတတ်ပါတယ်။
ကိုယ်ကပေါ့ပေါ့ပါးပါးလို့ ထင်တဲ့အရာတွေက
သူများအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်။
ကိုယ်ကအရေးမပါဘူးလို့ ထင်တာတွေကသူများအတွက်ဘ၀တစ်ခုလုံးပဲ။
ကိုယ်ကသိပ်အလေးမထားတဲ့ကိစ္စတွေကသူများအတွက်မရှိမဖြစ်ဖြစ်နေတတ်တယ်။
အချိန်လွန်မှရတဲ့နောင်တတစ်ခုထက်ဆိုရင်ဘာကိုပဲလုပ်လုပ်မလုပ်ခင်
သေချာစဉ်းစားတာပိုကောင်းမယ်ထင်တယ်။
တကယ်တော့ကိုယ်ချင်းစာတယ်ဆိုတဲ့စကားဟာကိုယ်လည်း
တူညီသောကိစ္စမျိုးနဲ့ကြုံမှသာအဓိပ္ပာယ်ပြည့်စုံမှာမဟုတ်လား။
Good bye 2013
မေ့မရတဲ့ကိစ္စတွေလည်းတတ်နိုင်သ၍ကျန်ခဲ့အုန်း။
မလုပ်ရသေးတဲ့ကိစ္စတွေလည်း....ခေါင်းထဲမှာစီတန်းလို့ ။
စိုးရိမ်ခဲ့ရတာတွေလည်း ရေချိန်မှန်ကျော်လွန်သွားတဲ့အခါအရောင်ဖျော့လို့ ။
ကြိုးစားသလောက်အရာမထင်ခဲ့တာတွေ
ပေးခဲ့သလောက်ပြန်မရတာတွေ
ကျေနပ်ခဲ့တာမကျေနပ်တာတွေ
ထားခဲ့မေ့ခဲ့လိုက်တော့။
နိဂုံးချုပ်လိုက်ရင်
ငါဆိုတာဘာမှကိုမသေချာ...
ဘယ်ကိုသွားနေတာလဲဆိုတော့..စီမံရာလမ်းတစ်ခု
ဘာကြောင့်သွားနေတာလဲဆိုတော့..စိတ်ချမ်းသာဖို့အတွက်
ကိုယ်ကိုယ်တိုင်ပျော်ရဲ့လားဆိုတော့ပျော်အောင်နေနေတာပဲလို့ 
ပြောမိတဲ့အချိန်စိတ်ထဲမှကျင်ခနဲဘာရယ်မှန်းမသိ။
ပြောမိတဲ့အချိန်စိတ်ထဲမှကျင်ခနဲဘာရယ်မှန်းမသိ။
တခါတလေကိုယ့်ဘာသာကိုယ်တောင်မထိန်းကျောင်းနိုင်ပဲ...
လူတစ်ယောက်ကိုပျိုးထောင်ပေးချင်ခဲ့ဖူးတဲ့ကိုယ့်အတွက်လှောင်ရယ်သံတစ်ခု။
ငြင်းပယ်လိုက်ရတဲ့ကိစ္စတော်တော်များများရဲ့မကျေနပ်တဲ့တန်ပြန်ချက်တွေ။
သိသိချည်းနဲ့အနိုင်ကျင့်ခံရဖူးတဲ့...လူ့ပတ်ဝန်းကျင်တွေ။
တခါတလေကတောက်ကဆဖြစ်ရတဲ့မေမေနဲ့ဖေဖေနဲ့ကိုယ့်ဆန့်ကျင်မှုတွေ။
ကိုယ်နဲ့တဖြည့်းဖြည်းအလှမ်းကွာသွားတဲ့သူငယ်ချင်းတွေမိတ်ဆွေတွေ
ကံမကုန်ရင်ပြန်ဆုံကြရအုန်းမှာမို့ ကံကုန်တဲ့အခါလည်း
အဝေးကပဲသတိရကြပေါ့ဟာ။
အဝေးကပဲသတိရကြပေါ့ဟာ။
မှားတာတွေလည်းပြန်ပြင်လို့မရတော့တဲ့အခါသင်ခန်းစာ
စိတ်ပျက်သွားတာတွေလည်း၂၀၁၄အတွက်မာတိကာ
နှုတ်ဆက်ပါတယ် ၂၀၁၃ရေ....
ဘာကိုမှမသယ်ဆောင်ပဲမင်းနယ်နိမိတ်ထဲပဲထားခဲ့တော့မယ်......
နှစ်တစ်နှစ်ရဲ့အစမှာအရာရာအသစ်နဲ့ပေါ့..................
ခံယူချက်
လူဆိုတာဘယ်သူမှအမှားမကင်းပါဘူး။
ပြီးတော့တစ်ဖက်တည်းကပဲအမြဲမှန်တယ်မရှိဘူး။
ဒါပေမယ့်အမြဲမှားနေတဲ့သူတွေကိုတော့ကျွန်မကသမာသမတ်နဲ့
ချစ်ချင်ယောင်မဆောင်ချင်ဘူး။
ချစ်ချင်ယောင်မဆောင်ချင်ဘူး။
ဘယ်သူ့ကိုဖြစ်ဖြစ်မှားရင်လည်းသူဟာအမြဲမမှန်နိုင်ဘူးလို့လက်ခံတယ်။
ကိုယ့်အယူအဆနဲ့ကွာရင်လည်းလူဆိုတာကိုယ်ယုံကြည်သလို
ကိုယ်ရွက်လွှင့်ကြတာပဲ။
ကိုယ်ရွက်လွှင့်ကြတာပဲ။
အပြစ်ပြောဖို့ မလိုသလိုရှုတ်ချစရာလည်းမလိုဘူး။
ခုတလောတဖက်စောင်းနင်းတွေကြုံရလွန်းလိုပါ။
ကျွန်မကတော့ဘယ်သူ့ကိုမဆိုကျွန်မလေးစားလို့ရတဲ့အချက်ပါရင်
ကျွန်မရဲ့ရန်သူဆိုရင်တောင်ကျွန်မရှုတ်ချဖို့စိတ်ကူးမိမယ်မထင်ဘူး။
ကျွန်မရဲ့ရန်သူဆိုရင်တောင်ကျွန်မရှုတ်ချဖို့စိတ်ကူးမိမယ်မထင်ဘူး။
သူများကိုထိုင်အပုပ်ချနေမယ့်အစား
ကိုယ့်ဘာသာကိုယ်တဖြည်းဖြည်းမြင့်တက်အောင်ကြိုးစားကြရင်
ပိုအဆင်ပြေနိုင်မယ်ထင်ပါတယ်။
ကိုယ့်ဘာသာကိုယ်တဖြည်းဖြည်းမြင့်တက်အောင်ကြိုးစားကြရင်
ပိုအဆင်ပြေနိုင်မယ်ထင်ပါတယ်။
ဟန်ဆောင်မျက်နှာဖုံးများသို့ 
ဝမ်းနည်းပါတယ်ဆိုတဲ့စကားတစ်ခွန်းနဲ့
နှစ်သိမ့်မပေးနိုင်ဘူး။
နှစ်သိမ့်မပေးနိုင်ဘူး။
စိတ်မကောင်းပါဘူးလို့
ပေါ့ပေါ့လေးပြောပေးရုံနဲ့
ပေါ့ပေါ့လေးပြောပေးရုံနဲ့
ဒဏ်ရာသက်သာမသွားဘူး။
ကိုယ်ချင်းစာပါတယ်လက်သုံးစကား
တကယ်ကြုံလာတော့မှယုံဖို့ထားထားလိုက်မယ်။
ဒီမှာ
ငါချော်လဲတဲ့အခါ
ငါနာကျင်တဲ့အခါ
ငါငိုကြွေးရတဲ့အခါ
အပိုစာသားတွေနဲ့
နောက်ကွယ်ကရယ်နေတာမလိုချင်ဘူး။
နောက်ကွယ်ကရယ်နေတာမလိုချင်ဘူး။
ငါ့နားမှာဖြစ်ဖြစ်
ငါ့အဝေးမှာဖြစ်ဖြစ်
ငြိမ်ငြိမ်လေးတိတ်ဆိတ်လို့ 
ထပ်ခါထပ်ခါအစမဖော်ရင်ပဲ
နင့်ခင်မင်မှုကိုပြလို့ရပါတယ်
နောက်ကွယ်ကလေတစ်ချို့ဟာ
တချိန်ချိန်မှာရှေ့ဘက်က
ပြန်တိုက်လာနိုင်တဲ့အခါ
ပြန်တိုက်လာနိုင်တဲ့အခါ
နင့်အလိုက်အထိုက်အထာတွေ
ငါရိပ်မိသွားမှာစိုးလို့ပါဟာ
ပြိုလဲချိန်
လူတစ်ယောက်ပြိုလဲတဲ့အချိန်ဆိုတာ
သူကံဆိုးတဲ့အချိန်
ရှုံးနိမ့်တဲ့အချိန်အလဲထိုးခံရချိန်မဟုတ်ဘူး။
သူကံဆိုးတဲ့အချိန်
ရှုံးနိမ့်တဲ့အချိန်အလဲထိုးခံရချိန်မဟုတ်ဘူး။
အဲ့လိုဖြစ်သွားလို့ ပြန်မထနိုင်တော့ဘူး...
သူ့ ဘ၀ပါသေဆုံးသွားပါပြီလို့ 
စိတ်ရောကိုယ်ရောအရှုံးပေးလိုက်ချိန်ပါ။
သူ့ ဘ၀ပါသေဆုံးသွားပါပြီလို့ 
စိတ်ရောကိုယ်ရောအရှုံးပေးလိုက်ချိန်ပါ။
တကယ်တော့တရားသဘောနဲ့ကြည့်ရင်
စက္ကန့်မိနစ်တိုင်းအဟောင်းတွေပျောက်
အသစ်တွေပြန်ပြန်ဖြစ်နေတာပါ။
ဘယ်အရာကမှကိုယ့်အနာဂတ်ကိုသယ်ဆောင်လာလို့မရပါဘူး...
စက္ကန့်မိနစ်တိုင်းအဟောင်းတွေပျောက်
အသစ်တွေပြန်ပြန်ဖြစ်နေတာပါ။
ဘယ်အရာကမှကိုယ့်အနာဂတ်ကိုသယ်ဆောင်လာလို့မရပါဘူး...
ကိုယ်ကိုယ်တိုင်က၀င်စွက်ဖက်ခွင့်မပြုအောင်ပြတ်သားနိုင်ခဲ့ရင်ပေါ့....
၂၀၁၄အစ
မှတ်မှတ်ရရမနက်စောစောစီးစီးအိပ်ချင်မူးတူးဘုရားသွားရာ
bus gate
တွင်ကားများကိုထုံးစံအတိုင်းစိမ်ပြေနပြေရွေးပြီးချောင်တယ်
ဟူထင်သောကားပေါ်တက်ကာမိမိဖြစ်လေ့ရှိသော
ကံအတိုင်းမတ်တက်ရပ်လိုက်ပါရသည်။
bus gate
တွင်ကားများကိုထုံးစံအတိုင်းစိမ်ပြေနပြေရွေးပြီးချောင်တယ်
ဟူထင်သောကားပေါ်တက်ကာမိမိဖြစ်လေ့ရှိသော
ကံအတိုင်းမတ်တက်ရပ်လိုက်ပါရသည်။
အေဒီအကွေ့တင်တိုက်မိမလိုဖြစ်ပြီးကားသမားမှဘရိတ်ကိုအုပ်လိုက်သောအခါ
လူအားလုံးရှေ့သို့ပြုတ်ကျ..
လူအားလုံးရှေ့သို့ပြုတ်ကျ..
အင်အားကြီးဒေါ်ဆွေနှင့်ဒေါ်နှင်းသန့်
မှာကြံ့ကြံ့ခိုင်မတ်တတ်ရပ်ခုခံနိုင်ပါသော်လည်း
ကိုယ်ကတော့လူအားလုံးရဲ့ရှေ့(ဒါမျိုးဆိုရင်)ပိကျကာ..
မျက်နှာနှင့်ကားကြမ်းပြင်မိတ်ဆက်မိလိုက်သည်။
မှာကြံ့ကြံ့ခိုင်မတ်တတ်ရပ်ခုခံနိုင်ပါသော်လည်း
ကိုယ်ကတော့လူအားလုံးရဲ့ရှေ့(ဒါမျိုးဆိုရင်)ပိကျကာ..
မျက်နှာနှင့်ကားကြမ်းပြင်မိတ်ဆက်မိလိုက်သည်။
ဘာမှတော့မဖြစ်ပါ။အိပ်ချင်ပြေဒေါသထွက်သွားသည်။
ဘုရားသို့ သွားပူဇော် ကြည်ကြည်နူးနူးပါ။ဓာတ်ပုံဆွေဆွေမှpostမျိုးစုံရိုက်ကြပါသည်။
မနေ့ကတည်းကနေမကောင်းသောခန္ဒာကိုယ်မှာလှည်းတန်းဈေးပတ်သောအခါ
အခြေအနေသိပ်မကောင်းတော့ပါ။
အခြေအနေသိပ်မကောင်းတော့ပါ။
အဆောင်ပြန်ရောက်နားသော်လည်းအဆင်မပြေသဖြင့်ဘော်ဒါဘော်ကျွတ်
ဒေါ်သိမ့်အားခေါ်၍ဆေးခန်းပြေးရပါသည်။
ဒေါ်သိမ့်အားခေါ်၍ဆေးခန်းပြေးရပါသည်။
ဆရာဝန်ကအပ်ပါးပါးလေးနှင့်စူးနေအောင်ဆေးထိုးလိုက်သောအခါ
ဘးမှသူငယ်ချင်းကောင်းသူတော်ကောင်းမကြီး
ဘးမှသူငယ်ချင်းကောင်းသူတော်ကောင်းမကြီး
၏ပျော်ရွှင်မြူးတူးသောကျေနပ်နေသည့်ရယ်သံကြီးအားကြားရပါသည်။
(တော်တော်Tမြင့်ကတ်ဖို့ ကောင်း)
(တော်တော်Tမြင့်ကတ်ဖို့ ကောင်း)
ဆေးခန်းမှပြန်အထွက်ထိုသူတော်ကောင်းမကြီးဖိနပ်အား
သူများကမှားစီးသွား၍ကော်တရာတို့ထုံးစံအတိုင်းတပြောပြောမကျေမနပ်နှင့်
မစီးချင်စီးချင်ကျန်ဖိနပ်ကိုစီးလာလေသည်။(ပျော်လိုက်ထာ)
သူများကမှားစီးသွား၍ကော်တရာတို့ထုံးစံအတိုင်းတပြောပြောမကျေမနပ်နှင့်
မစီးချင်စီးချင်ကျန်ဖိနပ်ကိုစီးလာလေသည်။(ပျော်လိုက်ထာ)
အဆောင်ပြန်ရောက်ဆေးသောက်၍အိပ်လိုက်တာဘာမှကိုမသိတော့ပါ။
သူတော်ကောင်းမကြီးကတော့ဖုန်းကြူရင်း
ခြင်ထောင်လာထောင်ပေးတာကိုတော့သိလိုက်ပါသည်။
သူတော်ကောင်းမကြီးကတော့ဖုန်းကြူရင်း
ခြင်ထောင်လာထောင်ပေးတာကိုတော့သိလိုက်ပါသည်။
ထိုသို့ နှယ်၂၀၁၄၏အစ...
စိတ်ပျက်စရာများနှင့်အရင်ဆုံးမိတ်ဆက်လိုက်ရပါသည်။
စိတ်ပျက်စရာများနှင့်အရင်ဆုံးမိတ်ဆက်လိုက်ရပါသည်။
အိမ်မက်
ယခုတလောစိတ်ကသွားချင်ရာသွားနေသည်...
ဖြစ်ခဲ့တာတွေကအိမ်မက်ထဲသို့
နောက်တစ်ကြိမ်အလည်လာသည်။
နောက်တစ်ကြိမ်အလည်လာသည်။
မေ့ခဲ့သောကိစ္စများအိမ်မက်ထဲတွင်
အခါခါပြန်အစဖော်မိသည်။
အခါခါပြန်အစဖော်မိသည်။
ပြီးသွားသောနေ့ရက်များယခုမှပြန်ရသလိုခံစားရသည်။
ရေငုံနှုတ်ပိတ်မပြောချင်ခဲ့သောစကားများ
အိမ်မက်ထဲတွင်ဆူညံနေသည်။
အိမ်မက်ထဲတွင်ဆူညံနေသည်။
မမြင်ချင်သောမျက်နှာများခဏခဏဆုံသည်။
ပြန်ဆုံချင်သောသူများနှင့်ခေတ္တပြန်တွေ့ပြီး
အရိပ်တစ်ခုလိုပြန်ပြန်ပျောက်သွားသည်။
အရိပ်တစ်ခုလိုပြန်ပြန်ပျောက်သွားသည်။
မေ့ခဲ့သောနေ့စွဲများရုတ်တရက်ရောက်လာသည်။
ဆို့ နင့်မှုနှင့်အဆုံးသတ်သည်။
နောင်တများနှင့်အချိုးကျသည်။
လက်မခံခြင်းများနှင့်နိုးထလာသည်။
အိမ်မက်ဆိုတာကယောက်ကယက်လို့တော့
ကြားဖူးသည်။
ကြားဖူးသည်။
တစ်ခါတစ်ခါအိမ်မက်များက
အစီစဉ်တကျဖြစ်နေတတ်သည်။
အစီစဉ်တကျဖြစ်နေတတ်သည်။
အနာဂတ်တစ်ချို့ပါသည်။
အတိတ်တစ်ချို့ပါသည်။
မဖြစ်ချင်တာတွေဖြစ်ချင်တာတွေပါသည်။
ကြာလာတော့
အိပ်ရမှာကြောက်သည်ထက်
ပြန်လည်နိုးထရမှာကိုကြောက်သည်။
ပြန်လည်နိုးထရမှာကိုကြောက်သည်။
ဒီအတိုင်းလေးပဲအလိုက်သင့်မျောလို့ 
အလိုက်သင့်လေးပဲမေ့နေလိုက်ချင်သည်။
တခါတလေ
အိမ်မက်ဆိုသည်မှာ
ယခုလက်ရှိထက်သာယာနာပျော်ဖွယ်ကောင်းလှပါသည်။
Subscribe to:
Comments (Atom)



.jpg)



